တောင်တက်သမားလုပ်နေမှတော့
ချွေးထွက်မှာ စိုးမနေတော့ပါဘူး
အခြေအနေက
အတိတ်ကိုတောင် အလည်မသွားနိုင်တဲ့ဘဝ
နားပါးတာတောင် သရုပ်ကမကွဲချင်သေးဘူး
ဘယ်လိုဘယ်လို
ထိုထို ဤဤ
နိဂုံးမှာတော့
ပွမ်းပြတ်လေးတော့ ပြတ်ချင်သေးတယ်
သံမပါတဲ့အိမ် ဘယ်ကြာရှည်ခံမလဲ
ဒါပေမဲ့ တတ်နိုင်ပါဘူး
ထောက်သင့်တာ ထောက်
ရသင့်တာ ကောက်ရမှာပေါ့
အိပ်ပေါက်နဲ့
ဖားကောက်နေတာမှ မဟုတ်တာ။
0 အကြံပြုစာ:
Post a Comment