Thursday, September 29, 2011 By: ဘ၀ဇာတ်ခုံ

အလင်း, အမှောင်နှင့် သူ

 
ဒိဝါ တပတိ သင်္ကပ္ပေါ၊ ရတ္တိမာဘာတိ သုပိနော။
မဓုရော ဝေါဟာရော တပတိ၊ သူရော တပတိ ဟဒယော။


 အတွေး နေ့ခင်း
အိပ်မက် ညခင်း
စကားချိုချို
နှလုံးရဲရဲ
(နတ္ထိ)
===================================================
Everyday language အနေနဲ့ တစ်ကြိမ်မွေးဖွါးခြင်း
Damma language အနေနဲ့ စက္ကန့်တိုင်း မွေးဖွါးဖြင်း
ဖြစ်ခြင်း ပျက်ခြင်း
အိပ်ပျော်ခြင်း နိုးထခြင်း
ရှင်သန်ခြင်း သေဆုံးခြင်း
ပညတ်ကို ပရမတ်နဲ့
လက်ထပ်မိတဲ့ ငါ
စုန်ခြေဆန်ခြေ
မနေမနား
တဟားလှိုက်လှိုက်
တရှိုက်ငင်ငင်
တပင်ပန်းပန်း
ဖြတ်သန်းနေတဲ့ ငါ
တကယ်တော့ ငါဟာ
အလင်းအမှောင်နဲ့ ဗျာများနေသူပေါ့---
ပေးပို့လာတဲ့
မွေးနေ့ဆုတောင်း ကဗျာအတွက်
နှလုံးသားမှာ အဟာရတစ်ခုဆိုတာ
ထမင်းမစားပေမဲ့ သိလိုပါတယ်။
ပျော်ရွှင်ပါစေ
ငြိမ်းပါစေ 
အေးပါစေ
လှပပါစေပေါ့ဗျာ ××××

0 အကြံပြုစာ: