မြန်မာလများတွင် ဆယ့်တစ်ကြိမ်မြောက် လ ဖြစ်သည်။ ဆောင်းဥတုနောက်ပိုင်း ချိန်ဖြစ်သည်။
တပို့ တွဲလဟုခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွှတ်သော ရာသီဖြစ်၍ခေါ် တွင်ခြင်းဖြစ်သည် ဟုမှတ်ယူကြသည်။ ကျောက်စာအရေးအသား၌တပို့ တွဲ ကိုတပိုင်ထွဲ၊ တပိုင် ထွယ်၊ တပိုင်တွဲ၊ တပိုင်တွယ် ဟု ရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီ ဟုခေါ်သည်။ ထိုရာသီတွင်မာဃနက္ခစန်းနှင့် ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ ရေထမ်းသမားဆင်း ရဲသားပုံဖြစ်၍ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံ့ပွင့် တို့ ဖြစ်သည်။
တပို့ တွဲလတွင်ထမနဲပွဲကျင်းပကြသည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် အရပ်ရပ်၌ထမင်း နဲထိုး၍ ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။ ထိုလ နံနက်၆.၂၀နာရီတွင်နေထွက်လေ့ရှိ၍၊ ညနေ ၅.၄၀အချိန်တွင် နေ၀င်လေ့ရှိသဖြင့် ညတာမှာနေ့ တညထက် ပို၍ရှည်သည်။ ထိုလသည်ရက် မစုံလကွယ်သောကြောင့် ၂၉ရက်သာရှိသည်။ တပို့ တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါသည် ဟူ၍၄င်း၊ ‘နှာရည်စိုရွှဲတပို့ တွဲ’ ဟူ၍၄င်း၊ တပို့ တွဲလတွင် အလွန်ချမ်းအေးလှကြောင်း ဆိုရိုးပြုလေ့ရှိကြ သည်။
ထမင်းနဲသည်ကောက်ညှင်းနှင့် စီမံပြုလုပ်ထားသောမြန်မာတို့ ၏ချိုစိမ့်မွှေးစားစရာတစ်မျိုး ဖြစ်သည်။ ကောက်ညှင်းထမင်းများကို ထပ်ပြန်တလဲလဲကော်များပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟုခေါ်သည်။ ယင်းကိုအရပ်ဒေသအလိုက်ယာဂုဟုလည်းခေါ်သည်။ ယာဂုမှာ ပါဠိစကားဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟုအဓိပ္ပါယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနှဲဟုလည်းခေါ်ကြသည်။
ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံအပြား၊ ကျေးလက်တောရွာများအထိ ထမင်းနဲထိုးပွဲ များဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်ရာသီပွဲတော်များအနက် တစ်ပွဲအပါအ၀င်ဖြစ်သော ယင်းပွဲတော်ကို တပို့ တွဲလဆန်းမှစ၍လပြည့်နေ့ အထိသောကာလအတွင်း၌ ရှေးမင်း အဆက်ဆက်မှ ဆင်းသက်၍ အမြို့ မြို့ အရွာရွာတွင်ချိမ့်ချိမ့်သဲမျှကျင်းပကြသည်။ ထို့ ကြောင်’့တပို့ တွဲ့  လ၊ ကုံသို့ ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ’ ဟုစပ်ဆိုကြသည်။
ထည့်သောပစ္စည်းများ အချိန်အဆမှန်၍အထိုးနိုင်က ထမင်းနဲသည်အလွန်စားကောင်းရုံမက၊ ရက်ရှည်လည်းအထားခံသောအစာလည်းဖြစ်သည်။
ထမင်းနဲထိုးသည့်အခါထည့်သည့်အချိန်အဆများကို အောက်ပါတေးထပ်မျိုးဖြင့်စပ်ဆိုထားခဲ့ ကြသည်။
`ကုံရာသီ မာသ၊ သဘာဝ ရွှင်စွာ။ ထာဝရ စဉ်လာ၊ များသူငါချိမ့်သဲ။ ညာဇမ္ဗု သာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာ ထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့ ၊ နှမ်းဆီလည်းထည့်ပြန်။ မြေပဲဆန် အဌသုညငယ်နှင့် ဒွတ္တိံ သ တိလဗီဇံ။ အုန်းသီးစိပ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။ ဂျင်းနုဖတ် သိဂီ င်္မျှင်ရွှေ၊ သုံးကျပ် မသွေ၊ နန်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။`
အထက်ပါတေးထပ်အရ ထမင်းနဲထိုးလိုမှု၊ ကောက်ညှင်းဆန်လေးပြည်ကို ရေစင်အောင်ဆေး ၍၊ ဆီတစ်ပိသာကို ဒယ်တွင်ထည့်ကာ၊ ဂျင်းသုံးကျပ်သားနှင့်ဆီသတ်၍ ကောက်ညှင်းထည့်နှပ် ရသည်။ ကောက်ညှင်းနှပ်၍ ဆီပြန်သော် ဖိုမှချ၍ ကြေအောင်နှဲရသည်။ ယင်းသို့ နှယ်ရာတွင် ယောင်းမ၂လက်ဖြင့်ပွတ်ချေသဖြင့် ကြေသွားသောကောက်ညှင်းတွင်မြေပဲ ၈၀သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိပ်၂၀သား၊ ဆား၇ကျပ်သား နှံ့ အောင်ထည့်မွှေလျှင် ထမင်းနဲဖြစ်သည်။
ထမင်းနဲတွင်အပူစာချည်းပါ၍ ဆီနိုင်သောအစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့ တွဲလမျိုးတွင် ကျင်းပ၍စားကြသည်ဟုဆိုကြသည်။ အလွန်အေး၍ ဆီခြောက်ခန်းချိန်ဖြစ်သဖြင့်ဆီနိုင်သော
ဤထမင်းနဲကိုစားသုံးလျှင်စိုပြေလာ၍၊ အပူဓါတ်ရသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာ ဆေးကျမ်း၌မူ ပထ၀ီပျက်သူများထမင်းနဲစားသင့်သည်ဟု ဆိုသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)၊ (၅) မှကောက်နုတ်တင်ပြသည်။
ရေးသားသူ အနမ်း 28 January 2010 အမျိုးအစား သိမှတ်ဖွယ်ရာ
(http://www.facebook.com/notes/ashin-nayakalankara/34139520/10150090659713818) မှကူယူဖော်ပြသည်။ (ဘ၀ဇတ်ခုံ)
0 အကြံပြုစာ:
Post a Comment