Wednesday, January 19, 2011 By: ဘ၀ဇာတ်ခုံ

ဆောရီးပါဘဲ.....

ကိုရင်လေးပေမို့
အထင်သေးလေရောသလားကွယ်
နှလုံးသားမှာ သံမဏိထည်မို့
မြူဆွယ်မယ် ပုံစံမျိုးရယ်နဲ့
ကြိုးစားနဲ့ကွယ်။

တင်ပါးကျယ် ရင်သားထည်ထည်နှင့်
ဆင်ထားတယ် လည်ဟိုက်ဘလောက်တွေနဲ့
ဒေါက်ဖိနပ် လေဒီရှူး
ပလူးချင်သလို ပလူးပြပေမယ့်
“အရူးမ” လို့ပဲ တို့ထင်တယ်။

နုနယ်ပျိုမြစ်
ကျောက်ဆစ်ရုပ် လက်ရာလို
ခြောက်ပစ်တောင် ကင်းရင်ကင်းပါဦး
လှတစ်မျက်နှာ ယဉ်တကိုယ်လုံးပေမယ့်
ဇရာဖုံးရင် အလှတုံးမှာမို့
လုံးလုံး စိတ်မချရ
သြော် …. အနိစ္စပါလားကွယ်။

သွားညှက်ညှက် ပါးနှစ်ဖက်ဘယ်ညာ
တို့များ မက်လေမလားလို့
တို့ထားတဲ့ ပရိုဗီနာမ်
ခရင်(မ်)သုတ်သမျှဟာလည်း
ဩော်… ဒုက္ခပါပဲကွယ်။

သမင်မျက်လုံး
မူယာတွေ သုံးကာသုံးကာနဲ့
ရှက်ပြုံးကလေးကြွ မျက်ခုံးလှလှနဲ့
မက်လုံးတွေ ပေးကာပြသော်လည်း
အသက်ဆုံးကာကျ
အလှဆို ရှာမရသည်မို့
အနတ္တပဲလို့ မြင်တယ်နော်။

ဆင်ခြင်ပေါ့  ဒကာမလေးရယ်
အလှသွေးကြွယ်သော်လည်း
တို့မယ်လေ သုံးထွေသာသနာကို
ရှည်ကြာအောင် စွမ်းဆောင်ရမည်မို့
လွမ်းအောင်လေ မင်းတို့ချွဲသော်လည်း
ဩော်… ဆောရီးပါပဲ။

(ကလောင်ရှင် ငန်းဇွန်း အရှင်ဇနက (ရန်ကုန်သာသနာ့တက္ကသိုလ်) စာသင်တိုက်အတူနေစဉ်က သူရေးခဲ့တာလေးကို face book မှအမှတ်မထင် တွေ့လိုက်လို့ သတိတရပြန်တင်ပေးတာပါ)

0 အကြံပြုစာ: