Sunday, December 19, 2010 By: ဘ၀ဇာတ်ခုံ

ငှက်တစ်ကောင်လို
လေဆန်မှာ မပျံနိုင်လဲ
လောကအလယ်မှာတော့
ဘ၀တစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့တယ်။

ခြင်္သေ့တစ်ကောင်လို
တောအုပ်တစ်ခုကို အစိုးမရခဲ့ပေမယ့်
နှစ်သိမ့်နိုင်ရုံ အခန်းငယ်လေးကိုတော့
ပိုင်ဆိုင်ပါသေးတယ်။ 
 
ဆင်တစ်ကောင်လို
အင်အားမကြီးပေမယ့်
သင့်တင့်မျှတတဲ့
အခြေအနေတစ်ခုမှာတော့
ကြီးပြင်းခွင့် ရခဲ့တယ်။

ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်း
ဘယ်လောက်ပဲ ချောမွေ့တယ်ဆိုဆို
ခေတ်နဲ့ ယှဉ်နိုင်ရန်
ဘ၀သမိုင်းက
မလှပနိုင်သေးတော့
ကြိုးစားရအုံးမည်
ရှေ့မှာပန်းတိုင်
မဝေးတော့ပြီပဲ ---------------။
(နွေမိုးဝေ)

0 အကြံပြုစာ: