Thursday, December 16, 2010 By: ဘ၀ဇာတ်ခုံ

မရှိခြင်း

အကြင်နာလေညှင်းလေးတွေက
လွတ်လပ်ခြင်း ကောင်းကင်ယံမှာ ပေါင်းဆုံကြတယ်။

သံယောဇဉ် သစ်ရွက်လေးတွေက
မေတ္တာစမ်းချောင်းထဲမှာ ပေါင်းဆုံကြတယ်။

ဘ၀ရဲ့ အဘိဓမ္မာ ရေစီးကြောင်းတွေက
ဒုက္ခပင်လယ်ထဲမှာ ပေါင်းဆုံကြတယ်။

အရာအားလုံးဟာ
မတည်မြဲခြင်း သင်္ခါရတရားမှာ ပေါင်းဆုံကြတယ်။

မပေါင်းဆုံတဲ့ အရာဆိုလို့
လောကကြီးမှာ မရှိဘူး။

ဒါကို အရှိတရားလို့ ခေါ်သလား။
တကယ်တော့ ---
ငါ့အတွက် ငါဆိုတာ ---
မင်းအတွက် ငါဆိုတာ ---
မင်းအတွက် မင်းဆိုတာ ---
မင်းအတွက် ငါဆိုတာ ---
မရှိ --- ဘာမျှမရှိ။

တကယ် ရှိတာကတော့
မရှိခြင်းဆိုတဲ့ သုညတ တရားပဲ။
သုညတသို့ သွားရာလမ်း
ဧကာယနမှတစ်ပါး အခြားမရှိ။ ။ ။
(ကိုသစ္စ)

0 အကြံပြုစာ: