ပန်းတိုင်းတစ်ခု လျှောက်လှမ်းရာဝယ်
ပူပြင်းခက်ထန် ကြမ်းတမ်းတဲ့လမ်းခရီး
လမ်းခုလတ် တစ်နေရာမှာ
နားခိုရာ အရိပ်တစ်ခု။
ပင်ပန်းနွမ်းနယ်ပြီး
မောပန်းလာတဲ့အခါ
လန်းဆန်းတက်ကြွ
ခွန်းအားပြည့်စေတဲ့ ရေတစ်ပေါက်။
အမှောင်ဖုံးပိတ်
စမ်းတ၀ါးဝါးသွားရ
ခရီးက ဘယ်ဆီမသိ
ယောင်တောင်ကန်း လျှောက်လှမ်းချိန်
လမ်းမှန်ကို မြင်စေတဲ့ အလင်းတစ်ခု။
အရှေ့ရယ်အနောက် တောင်မြောက်ကယ် ဘယ်ညာ
ဘယ်ဆီကို သွားရပါ့
တွေးဆလို့ စိတ်ထွေခါ
တိကျစွာ ညွန်ထားတဲ့ မျှားတစ်စင်း။
အရိပ်နှင့် ရေတစ်ပေါက်
ကျေနပ်အောင် သင်သုံးပြု
အလင်းနဲ့ သူညွန်ထား
မျှားပြရာ သင်သွားပါက
ရောက်လိုရာ ထိုခရီး
အနီးပင်ရှိတော့တယ်
ဆက်၍သာလျှောက်။
ပူပြင်းခက်ထန် ကြမ်းတမ်းတဲ့လမ်းခရီး
လမ်းခုလတ် တစ်နေရာမှာ
နားခိုရာ အရိပ်တစ်ခု။
ပင်ပန်းနွမ်းနယ်ပြီး
မောပန်းလာတဲ့အခါ
လန်းဆန်းတက်ကြွ
ခွန်းအားပြည့်စေတဲ့ ရေတစ်ပေါက်။
အမှောင်ဖုံးပိတ်
စမ်းတ၀ါးဝါးသွားရ
ခရီးက ဘယ်ဆီမသိ
ယောင်တောင်ကန်း လျှောက်လှမ်းချိန်
လမ်းမှန်ကို မြင်စေတဲ့ အလင်းတစ်ခု။
အရှေ့ရယ်အနောက် တောင်မြောက်ကယ် ဘယ်ညာ
ဘယ်ဆီကို သွားရပါ့
တွေးဆလို့ စိတ်ထွေခါ
တိကျစွာ ညွန်ထားတဲ့ မျှားတစ်စင်း။
အရိပ်နှင့် ရေတစ်ပေါက်
ကျေနပ်အောင် သင်သုံးပြု
အလင်းနဲ့ သူညွန်ထား
မျှားပြရာ သင်သွားပါက
ရောက်လိုရာ ထိုခရီး
အနီးပင်ရှိတော့တယ်
ဆက်၍သာလျှောက်။
(ကိုသစ်)
0 အကြံပြုစာ:
Post a Comment