နောင်တဆိုတာလည်း
နောက်ကျခဲ့သူ ငါ့အတွက်တော့
သင်ပုန်းပေါ်က ကြက်ခြေခတ်တွေပါပဲ။
ဘ၀က လက်တွေ့ဆန်တော့
စိတ်ကူးအိပ်မက်တွေက
တယောတစ်လက်လို
လေးတွဲ့ရှည်လျားခဲ့တယ်။
ရာသီဥတုကလည်း
အခုနွေ -------------
အခုမိုး -------------
အခု ဆောင်းနဲ့
မျက်နှာများတတ်တော့
ပြင်ဆင်မှုမရှိတဲ့ နေညတွေ
နာရီဒိုင်ကွက်ပေါ် အတုံးအရုံး လဲပြိုလို့ --- ။
ကံကြမ္မာ ဓားချက်မှာ
ဘ၀က လဲပြိုသွားပေမဲ့
ငါ့စိတ်ဓာတ်တွေက
ကြယ်မကြွေခဲ့ပါဘူး။
ဟေ့ --- လောကဓံ
သင့်ရဲ့မနက်ဖြန်တိုင်းကို ရင်ဆိုင်ဖို့
ငါဓားသွေးရင်း
စောင့်နေမယ်။
နောက်ကျခဲ့သူ ငါ့အတွက်တော့
သင်ပုန်းပေါ်က ကြက်ခြေခတ်တွေပါပဲ။
ဘ၀က လက်တွေ့ဆန်တော့
စိတ်ကူးအိပ်မက်တွေက
တယောတစ်လက်လို
လေးတွဲ့ရှည်လျားခဲ့တယ်။
ရာသီဥတုကလည်း
အခုနွေ -------------
အခုမိုး -------------
အခု ဆောင်းနဲ့
မျက်နှာများတတ်တော့
ပြင်ဆင်မှုမရှိတဲ့ နေညတွေ
နာရီဒိုင်ကွက်ပေါ် အတုံးအရုံး လဲပြိုလို့ --- ။
ကံကြမ္မာ ဓားချက်မှာ
ဘ၀က လဲပြိုသွားပေမဲ့
ငါ့စိတ်ဓာတ်တွေက
ကြယ်မကြွေခဲ့ပါဘူး။
ဟေ့ --- လောကဓံ
သင့်ရဲ့မနက်ဖြန်တိုင်းကို ရင်ဆိုင်ဖို့
ငါဓားသွေးရင်း
စောင့်နေမယ်။
(တည်ငြိမ်မူး)
0 အကြံပြုစာ:
Post a Comment