လူရယ်လို့ဖြစ်လာ
ရုန်းကန်ရစမြဲမို့
လောကဓံတရားက
ခက်ထန်တဲ့ လှိုင်းလုံးကြီးပမာ
မထင်မှတ်ဘဲ
အတင်းဝင်ခတ်
မပျော့နွဲ့တဲ့ ငါ့စိတ်ဓာတ်
ပဲ့ထွက်မသွားဘဲ ကြံကြံခံခဲ့။
ဒီကတစ်မျိုး
ဟိုကတစ်ဖုံ
အကြံတွေက မျိုးစုံ
မလိုသူတွေက တစ်ဖက်
နှိပ်စက်မှုက မပျက်
ကဲ့ရဲ့မှုက ဒလဆက်
အခက်အခဲတွေက
ဆင့်ကာဖျက်
မတုန်လှုပ်တဲ့ ငါ့စိတ်ဓာတ်
မားမားမတ်မတ် ရပ်တည်ခဲ့။
ဘယ်လိုခက်
ဘယ်လိုဖျက်
စိန်ခေါ်မှုအပေါ်
မယိမ်းယိုင်တဲ့ ငါ့စိတ်ဓာတ်
ရန်စွယ်ကိုဖျက်
မေတ္တာယှက်ကာ
ဆုံးဖြတ်ခိုင်မာ --- ပန်းပန်လျက်ပါ။ ။ ။ (စိုးသစ္စာ)
ရုန်းကန်ရစမြဲမို့
လောကဓံတရားက
ခက်ထန်တဲ့ လှိုင်းလုံးကြီးပမာ
မထင်မှတ်ဘဲ
အတင်းဝင်ခတ်
မပျော့နွဲ့တဲ့ ငါ့စိတ်ဓာတ်
ပဲ့ထွက်မသွားဘဲ ကြံကြံခံခဲ့။
ဒီကတစ်မျိုး
ဟိုကတစ်ဖုံ
အကြံတွေက မျိုးစုံ
မလိုသူတွေက တစ်ဖက်
နှိပ်စက်မှုက မပျက်
ကဲ့ရဲ့မှုက ဒလဆက်
အခက်အခဲတွေက
ဆင့်ကာဖျက်
မတုန်လှုပ်တဲ့ ငါ့စိတ်ဓာတ်
မားမားမတ်မတ် ရပ်တည်ခဲ့။
ဘယ်လိုခက်
ဘယ်လိုဖျက်
စိန်ခေါ်မှုအပေါ်
မယိမ်းယိုင်တဲ့ ငါ့စိတ်ဓာတ်
ရန်စွယ်ကိုဖျက်
မေတ္တာယှက်ကာ
ဆုံးဖြတ်ခိုင်မာ --- ပန်းပန်လျက်ပါ။ ။ ။ (စိုးသစ္စာ)
0 အကြံပြုစာ:
Post a Comment