မဂ္ဂဇင်းထဲက
ကွန်ပြူတာစလုံးတွေ
ပိုးစိုးပက်စက်အိပ်မောကျနေတာတောင်
ငါ့မျက်လုံးတွေက
အစာရှာထွက်ဆဲ
စာကြည့်မီးလေးကလင်းလို့။
ပစိဖိတ်သမုဒ္ဒရာကြီး
ကျယ်တာကိုကြည့်ပြီး
အားငယ်မသွားနဲ့ စမ်းချောင်းလေးတို့ရေ
မင်းတို့ငါတို့ သောက်သုံးနေတဲ့
စာမျက်နှာသစ်တွေကိုသာ
ကျေညက်နေပါစေ
ကျော်မဖတ်မိစေနဲ့။
ဒါဆိုရင်ဘဲ
တို့များရဲ့ အရုဏ်ဦးဟာ
လင်းလက်ဖို့ လုံလောက်နေပါပြီ။ (ကိုသစ်)
0 အကြံပြုစာ:
Post a Comment