ဝေးတယ်
တိုက်ဆောက် ကားစီး
ခေါင်းပေါင်းစ တလူလူနဲ့
မျက်နှာမြင်တာတောင် မချစ်ခင်ကြမှတော့
ယုံကြည်မှုတွေနဲ့ ဝေးတယ်။
ဝေးတယ်
လက်သိပ်ထိုးထားတဲ့ အတုအယောင်တွေကြားမှာ
ဘ၀ဆိုတာ ဒဏ်ရာတွေရဲ့ကျင်းဖြစ်နေမှတော့
ငြိမ်းချမ်းမှုနဲ့ ဝေးတယ်။
ဝေးတယ်
လူရှေ့သူရှေ့ရောက်တိုင်း
ကိုယ့်အထုပ်ကိုယ်ပြန်ဖြေသလိုမျိုး
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မျိုး
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေမှတော့
လောကပါလတရားနှစ်ပါးနဲ့ ဝေးတယ်။
ဝေးတယ်
ရေစီးကြောင်းတွေ ခဏခဏပြောင်းတိုင်း
ကမ်းတွေလိုက်လိုက်ပြိုနေတာကိုက
ပင်လယ်တွေနဲ့ ဝေးတယ်။
ကမ်းနဲ့ဝေးတယ်။
ဝေးတယ်
....ဝေးတယ်
.......ဝေးတယ်
နောက် ဘယ်သူတွေနဲ့ ဝေးချင်သေးလဲ ကိုယ်လူတို့။
အတိတ်ဆိုတာ ဝေ့ဝေ့တက်လာတဲ့ ပစ္စုပ္ပန်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
ဒီလောက်တောင် ဝေးနေမှတော့
ဝေးတယ်
မိသားစုနဲ့ ဝေးတယ်
ကောင်းကင်နဲ့ ဝေးတယ်
မြစ်တွေနဲ့ ဝေးတယ်။
ဝေးတယ်
ပင်လယ်တွေနဲ့ ဝေးတယ်။
ကိုသစ် (သီတဂူ)
တိုက်ဆောက် ကားစီး
ခေါင်းပေါင်းစ တလူလူနဲ့
မျက်နှာမြင်တာတောင် မချစ်ခင်ကြမှတော့
ယုံကြည်မှုတွေနဲ့ ဝေးတယ်။
ဝေးတယ်
လက်သိပ်ထိုးထားတဲ့ အတုအယောင်တွေကြားမှာ
ဘ၀ဆိုတာ ဒဏ်ရာတွေရဲ့ကျင်းဖြစ်နေမှတော့
ငြိမ်းချမ်းမှုနဲ့ ဝေးတယ်။
ဝေးတယ်
လူရှေ့သူရှေ့ရောက်တိုင်း
ကိုယ့်အထုပ်ကိုယ်ပြန်ဖြေသလိုမျိ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေမှတော့
လောကပါလတရားနှစ်ပါးနဲ့ ဝေးတယ်။
ဝေးတယ်
ရေစီးကြောင်းတွေ ခဏခဏပြောင်းတိုင်း
ကမ်းတွေလိုက်လိုက်ပြိုနေတာကိုက
ပင်လယ်တွေနဲ့ ဝေးတယ်။
ကမ်းနဲ့ဝေးတယ်။
ဝေးတယ်
....ဝေးတယ်
.......ဝေးတယ်
နောက် ဘယ်သူတွေနဲ့ ဝေးချင်သေးလဲ ကိုယ်လူတို့။
အတိတ်ဆိုတာ ဝေ့ဝေ့တက်လာတဲ့ ပစ္စုပ္ပန်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
ဒီလောက်တောင် ဝေးနေမှတော့
ဝေးတယ်
မိသားစုနဲ့ ဝေးတယ်
ကောင်းကင်နဲ့ ဝေးတယ်
မြစ်တွေနဲ့ ဝေးတယ်။
ဝေးတယ်
ပင်လယ်တွေနဲ့ ဝေးတယ်။
ကိုသစ် (သီတဂူ)
0 အကြံပြုစာ:
Post a Comment