ငယ်ငယ်က ကိုယ်အားပေးခဲ့တဲ့ သူတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတယ်ဆိုတော့ ဂုဏ်ယူမိပါတယ်။ စိတ်ထဲမှာ သိချင်တာက ဘာအကြောင်းကြောင့် ဒီလိုဖြစ်လာကြတာလဲ ဆိုတာပါပဲ။ အနောက်ကလူတွေက အယူအဆနဲ့ အရာရာမှာ လွယ်လွယ်နဲ့တော့ လက်မခံတတ်ကြပါဘူး။ အမြဲဆန်းစစ်ဝေဖန်ပြီးမှ ယုတ္တိရှိမှ လက်ခံကြတာများပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ဘ၀ငြိမ်းချမ်းရင် အေးချမ်းရင် ကိုယ့်ပတ်ဝန်းကျင်လည်း အေးချမ်းငြိမ်းချမ်းမှာပဲ။ တကယ်ြ့ငိမ်းချမ်းရာ အစစ်က ကိုယ်တွင်းမှာပဲရှိပါတယ်။ မြင်တတ်ဖို့ ရှာတတ်ဖို့နဲ့ ကျင့်သုံးတတ်ဖို့ပဲလိုပါတယ်။
ဓမ္မဆိုတာ အဝေးကြီးမမြင်ရတဲ့ အရာ မသိနိုင်သေးတဲ့ အရာ အိပ်မက်ဆန်ဆန်မှ မဟုတ်တာ။ တကယ်တော့ ကိုယ့်ရဲ့ ကိုယ်နှုတ်စိတ်သုံးပါးကို စနစ်တကျဖြူစင်တောက်ပြောင်အောင် လေ့ကျင့်ပျိုးထောင်ခြင်းတစ်မျိုးပဲ။ အပြစ်ကင်းတဲ့ အတွေးအခေါ်အယူအဆဟာ ချမ်းသာကို ယူဆောင်လာတတ်တာ သဘာဝပါ။ ဓမ္မကိုကျင့်သုံးရင် ကိုယ်ကျင့်သုံးတဲ့ ဓမ္မက ကိုယ့်ကိုတကယ် ပြန်စောင့်ရှောက်တာပါ။ ဗုဒ္ဓကတော့ အယူဝါဒနဲ့ပတ်သက်လာရင် ကာလာမသုတ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ညွန်ပြထားပါတယ် -----
ဘာသာဝါဒ၊
မတူကြ၍၊
လောကအတွင်း၊
ငြင်းခုန်းခြင်းဖြင့်၊
ဆင်းရဲ့ဒုက္ခ၊
ရောက်ကုန်ကြ၏။
ဝါဒအယူ၊
မှားခဲ့မူကား၊
ဆူဆူ
ဗုဒ္ဓ၊ ကယ်မရသည့်၊
လေးဝပါယ်ဘုံ၊
ဘေးတွေ့ကြုံလိမ့်။
စေ့စုံ
ဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ -
တဆင့်
ကြား သိ၊ မိရိုး ဖလာ၊
ကောလာဟလ၊
ကျမ်းစာမျှနှင့်၊
ကြံဆ
နည်းမှီ၊ ဆီလျော် သုံးသပ်၊
ယူချင်းထပ်၍၊
ယုံအပ်သူပဲ၊
ဆရာ
စွဲဖြင့်၊ လွှဲပုံစိတ်ချ၊
မယူကြလင့်။
ဒိဋ္ဌ
ကျင့်ကြံ၊ မှား မှန် ကောင်း ဆိုး၊
သိအောင်
ကြိုး ဟု၊ မျိုး ကာလာမ၊
ဟောညွှန်ပြ၊
ဝါဒ အယူစစ်တမ်းပေ။
*****************

အီတလီက နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တို ဘက်ဂီယိုကလည်း ...
သူ့ရဲ့ကစားသမားဘ၀ ခြေစွမ်းကျချိန် ၊ ဒဏ်ရာများနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ .....
သူ ကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာက နည်းလမ်းများ ပြသပေးခဲ့တယ်လို့ ပြောပါတယ် ။
သူ့ရဲ့ကစားသမားဘ၀ ခြေစွမ်းကျချိန် ၊ ဒဏ်ရာများနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ .....
သူ ကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာက နည်းလမ်းများ ပြသပေးခဲ့တယ်လို့ ပြောပါတယ် ။
ကမ္ဘာကျော် ဘောလုံးသမား ဒေဗစ်ဘက်ခမ်း ကတော့ ...
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ထဲမှာ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးပြီဟု ဖော်ပြထားတယ်
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ထဲမှာ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးပြီဟု ဖော်ပြထားတယ်
လူမှုရေးအရှုပ်အထွေးတွေ ပေါ်လာတဲ့အခါမှ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ပိုပြီး သက်ဝင်ယုံကြည်မှု ရှိလာပါတယ်လို့ ...
ထိုင်းလူမျိုးမိခင်က မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်က ဆိုပါတယ် ။
သူဟာ သူ့မိခင်ရဲ့ ညွှန်ကြားချက်နဲ့ ၀ိပသနာလုပ်ငန်းစဉ်များကို ယနေ့အခါမှာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ် ။

ဗုဒ္ဓဘာသာဘုန်းကြီးတပါးလည်း ဖြစ်ခဲ့ဘူးပြီး ၊ယခုအခါ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခတဦးလည်းဖြစ် ၊
တိဘက် ဗုဒ္ဓဘာသာ ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့  ဖခင်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာတဲ့ သူကတော့ ...
အမေရိကန်ရုပ်ရှင်မင်းသမီး Uma Thurman ဖြစ်ပါတယ် ။
ချစ်သူက ဗုဒ္ဓဘာသာ ဖြစ်လို့ ဗုဒ္ဓဘာသာအပေါ်ကို စိတ်ပါဝင်စားပြီး .....တိဘက် ဗုဒ္ဓဘာသာ ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ
အမေရိကန်ရုပ်ရှင်မင်းသမီး Uma Thurman ဖြစ်ပါတယ် ။
ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့ လူတစ်ယောက်ကတော့ Orlando Bloom ရဲ့ချစ်သူ Kate Boswoth ဖြစ်ပါတယ် ။
ဗုဒ္ဓရဲ့တရားနဲ့ ပတ်သက်ပြီး Kate Boswoth ရဲ့ ပြောပြချက်တွေကတော့ ...
ဗုဒ္ဓရဲ့တရားဟာ မယုံကြည်နိုင်စရာ စိတ်အခြေအနေကို တွေ့ရပြီး အလွန်လှပတဲ့နေရာတစ်ခုအနေနဲ့
အခြေခံအားဖြင့် မိမိကိုယ်ကို ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲရောက်ရှိစေပြီး ဘာတွေ အဓိကဖြစ်ချင်တယ်ဆိုတာကို ညွှန်ပြပေးပါတယ်။
နောက်ထပ်ပြောချင်တာကတော့ တကယ့်ကို အံ့မခန်းပါဘဲ လို့ 0rlando Bloom ရဲ့ ချစ်သူဟောင်း Kate Boswoth ကဆိုပါတယ်။
အသက် ၁၇ နှစ်အရွယ်တည်းက ဂျပန်ကိုရောက်ရှိပြီး .....
ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာအကြောင်းတွေ ၊ယဉ်ကျေးမှုလက်ရာတွေကို လေ့လာသင်ယူခဲ့တဲ့လူကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား Steven Seagal ဖြစ်ပါတယ်။
သူဟာ အမေရိကကို မပြန်ခင် ဂျပနိုင်ငံမှာ ၁၅ နှစ်ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ် ။
Steven Seagal က ၂၇ နှစ်လုံးလုံး သူဟာ တရားရှုမှတ်မှုကို လေးလေးနက်နက် လုပ်ကိုင်ခဲ့ပါတယ်လို့ ပြောပါတယ်။
ဒါပေမယ့် သူယုံကြည်တာက ဇင်ဗုဒ္ဓဘာသာ
ဖြစ်လို့ သူ့ရဲ့တရား ရှုမှတ်မှုဟာ ထေရ၀ါဒနည်း ကျမကျ ဆိုတာကတော့ ပြဆိုထားတာမတွေ့ရပါဘူး။
ဘယ်လိုပဲဖြစ်နေပါစေ ၊ ကျွန်တော်တို့ လေးစားအားကျ တဲ့ celebrities တွေက ...
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဂရုတစိုက်လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်ဆိုတာ ယုံမှားသံသရရှိစရာ မလိုပါဘူး ။
အဲဒီလောက်ဆိုရင် စာဖတ်သူ သူငယ်ချင်းများလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးအုံးမှာပါ။
ဝေဖန် ၊ အကြံဥာဏ်ပေးချက်တွေကို လည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။
မှတ်ချက်၊ အင်တာနက် စာမျက်နှာရှိ အချက်အလက်များပေါ်တွင် အခြေခံ၍ ကိုးကားရေးသားပါသည်။
မှတ်ချက်၊ FB ( Ashin Tikkha ) မှဖော်ပြခြင်းဖြစ်သည်။ဘယ်လိုပဲဖြစ်နေပါစေ ၊ ကျွန်တော်တို့ လေးစားအားကျ တဲ့ celebrities တွေက ...
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဂရုတစိုက်လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်ဆိုတာ ယုံမှားသံသရရှိစရာ မလိုပါဘူး ။
အဲဒီလောက်ဆိုရင် စာဖတ်သူ သူငယ်ချင်းများလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးအုံးမှာပါ။
ဝေဖန် ၊ အကြံဥာဏ်ပေးချက်တွေကို လည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။
မှတ်ချက်၊ အင်တာနက် စာမျက်နှာရှိ အချက်အလက်များပေါ်တွင် အခြေခံ၍ ကိုးကားရေးသားပါသည်။
0 အကြံပြုစာ:
Post a Comment