ငါ့ကိုယ်ငါ
စက်ပစ္စည်းဖြုတ်သလိုဖြုတ်
တစ်စချင်း တစချင်းထုတ်ကာ
စစ်ကြည့်တယ်
ဘယ်မလဲ အနှစ်
ဘယ်မလဲ အလှ
ပရမတ်ကို ပညတ်နဲ့ကစား
မရှိတာကိုမှ တန်ဘိုးထားချင်တာလား
တည်ရှိလာတော့ တာဝန်တွေဖြစ်တယ်
သွားလိုက်ရတာ ရောက်တယ်ဆိုတာ မရှိဘူး
စားလိုက်ရတာ ၀တယ်ဆိုတာ မရှိဘူး
ရှာလိုက်ရတာ ပြည့်စုံတယ်ဆိုတာ မရှိဘူး
ဆင်လိုက်ရတာ လှတယ်ဆိုတာ မရှိဘူး
အလိုမပြည့်မှုဟာ သံသရာလား
အလိုမပြည့်မှုတွေနဲ့
မွန်းကြပ်ကြပ် ဖြစ်တည်မှုမှာ
မွန်းကြပ်ကြပ် ဖြစ်တည်မှုမှာ
ဘယ်သူက ငါ့ကို ဖန်းဆင်းခဲ့တာလဲ
ဘာအဓိပ္ပါယ်နဲ့ဖန်ဆင်းခဲ့တာလဲ
အဲဒီဖန်းဆင်းသူကို မုန်းတယ်
အ၀ိဇ္ဇာဆိုရင် အ၀ိဇ္ဇာကို မုန်းတယ်
တဏှာဆိုရင် တဏှာကို မုန်းတယ်
သူတို့နှစ်ဦးနဲ့ အခြားအပေါင်းပါဆိုရင်
အားလုံးကို မုန်းတယ်
တစ်ခြားဘယ်သူတွေက ငါ့ကို ဖန်းဆင်းသေးလဲ
ငါ့အမုန်းစက်ကွင်းက ပုဂ္ဂိုလ်မကျန်ဘူး
ကိုယ့်တာဝန် ကိုယ်မယူရဲတဲ့ ဖန်ဆင်းမှုမှာ
ငါကပဲ သူတို့အလိုကျကပြနေရတယ်
ဒီလိုပဲ ဖန်းဆင်းရှင်အလိုကျ ကပြရမှာလား
အပြုံးခိုင်းတိုင်း ပြုံးရမှာလား
အငိုခိုင်းတိုင်း ငိုရမှာလား
အမောတွေနဲ့ ရင်ဆိုင်ရမဲ့ အတူတူ
နယ်ခြားသွားမယ်ဆိုရင်
သေသေ ကြေကြေ
ငါ့ကိုငါပဲ ဖန်းဆင်းမယ်
ငါ့ကိုငါပဲ တည်ဆောက်မယ်
ငါ့ကိုယ်ငါပဲ လျှောက်မယ်
ငါ့ကိုယ်ငါပဲ
လွတ်မြောက်မှု အေးချမ်းမှု တည်ငြိမ်မှု လှပမှုကို ရှာမယ်
ဖြစ်တည်မှုတွေရဲ့ နောက်ကြောင်း
စဉ်းစားမိတိုင်း စိတ်မှာညောင်းတယ်
မပိုင်ပဲ ဆိုင်နေရတဲ့ အနေအထားမှာ
အတ္တတွေနဲ့ ချုပ်ကိုင်ဖို့ မကြိုးစားနဲ့
ငါက အနတ္တကျောင်းသား ----။
0 အကြံပြုစာ:
Post a Comment