Thursday, February 17, 2011 By: ဘ၀ဇာတ်ခုံ

“ ပြုံး”




“ ပြုံး”


ဘာမှမရခဲ့ပါဘူး
အားလုံးပေးခဲ့သူပါ။

သဲသဲမဲမဲ ချစ်နေရမှကို
ရဲရဲတင်းတင်း နေသာသူပါ။

လွဲသွားတဲ့ ပစ်မှတ်ကို
လျာဖျားပေါ်တင် ကြည့်တော့
သြော်... ခါးသက်သက်နဲ့ပါ။

အိပ်မက်ထဲမှာ
အိပ်မက်ကို ထမ်း
လှမ်းနေရတာ ဘ၀ပဲပေါ့။

ဒီကနေ့ ဒီနေ့ပေါ့လေ
ရင်ထဲက မိုးတိမ်တောင်တွေကို
ကိုယ်ယောင်ဖျောက်ဖို့
အပြုံးတွေ မဟားဒယား တပ်ဆင် လိုက်တော့မယ်။


ရဲဝင့်သူ

(http://www.yewintthu.co.cc/) မှကူးယူဖော်ပြပါသည်။ (ဘ၀ဇတ်ခုံ)

0 အကြံပြုစာ: