စတိုင်မျိုးစုံးနဲ့ ရောင်စုံလှပ
မွှေးမြတဲ့ ရောင်စုံပန်းလေးတွေ
အစီအရီ ပွင့်နေကြလေတော့
ပန်းမြင်ရင် မြတ်နိုးတတ်တာ
လူသဘာဝပေမို့
ပန်းကြိုက်သူ လူတစ်ချို့ဟာ
ပန်းရောင်စုံ ခူးဆွတ်ရင်းနဲ့
လျှောက်နေတဲ့ ကိုယ့်ခရီး
မပီဝိုးတ၀ါး ပျောက်သွားကြရတယ်။
ပါနပ်သူ လူတချို့ကတော့
လမ်းတစ်လျှောက်တွေ့လာတဲ့
ပန်းလောက်ကိုသာ ကောက်ယူလေတော့
ပန်းအလှ ခံစားရသော်လဲ
လမ်းမပျောက်ရဘူးပေါ့။
သူငယ်ချင်းရေ --- မင်းကကော
ပန်းကောက်ရင်းနဲ့ လမ်းပျောက်မှာလား
လမ်းလျှောက်ရင်း ပန်းကောက်မှာလား။ ။ ။
(ဗိုလ်ဝိ (ဟံသာဝတီ)
0 အကြံပြုစာ:
Post a Comment